မြန်အောင် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်အမှတ် အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြန်အောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးက ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးထက်ဝေလှိုင်က ကြက်တောင်ရိုက်ပြိုင်ပွဲ စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကြက်တောင်ရိုက်အားကစားပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ပထမဆု၊ ဒုတိယဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး ဦးထက်ဝေလှိုင်တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)