ခန္တီးမြို့နယ်၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Mar 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ပတ်သက်၍ ပိုမိုသိရှိလာပြီး နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ်(၁၃)ရက်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။