ခန္တီးမြို့နယ်၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ခန္တီး မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ပတ်သက်၍ ပိုမိုသိရှိလာပြီး နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ်(၁၃)ရက်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဓာတ်ပုံကျွမ်းကျင်-၂ ဒေါ်ဇာဇာလှိုင်းက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်၊ အခန်း(၁၅) ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများမှ ပုဒ်မ(၁၆၁) အလုပ်ချိန်နှင့် သက်ဆိုင်သည့်  ပြစ်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပုဒ်မ(၁၆၂) တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် ပတ်သည့်ပြစ်မှုဆိုင်ရာများကိုလည်းကောင်း၊ပုဒ်မ(၁၆၃) လုပ်ငန်းခွင်အတွင်း ပြုမှုဆက်ဆံမှု စည်းကမ်းဆိုင်ရာ ပြစ်မှုများနှင့် ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ရုံးအကူ ဒေါ်ကျူးစတီးနားက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ဖြေကြားပေးခဲ့ကာ မိမိရုံးမှ ဝန်ထမ်းများသည်လည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ပြုမှုနေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)