သတင်းများ

ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်
Mar 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်း ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာဖွံ့ဖြိုးစေရန် ရည်ရွယ်၍ နွေရာသီအားကစား၊ အခြေခံအားကစားနည်းများကို အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြမြို့တွင် အာမခံကျန်းမာရေးဝန်ဆောင်မှုနှင့်ပတ်သတ်၍ လုပ်ငန်းရှင်းလင်းပွဲအခမ်းအနား ကျင်းပ
Mar 15,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "အောင်" အထူးကုဆေးခန်းတို့ အကျိုးတူပူးပေါင်း၍ အာမခံ အလုပ်သမားများအား ဆေးကုသမှု၊ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ လုပ်ငန်းရှင်းလင်းပွဲအခမ်းအနားကို မတ်(၁၃)နေ့ နံနက် (၁၁:၃၀) နာရီအချိန်က "အောင်ထူးကုဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေး
Mar 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်
Mar 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်ရေးနှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက အချိန်မီငြှိမ်းသတ်နိုင်ရေး ရည်ရွယ်၍ မတ်(၁၃)ရက်နေ့ ညနေ (၃) နာရီ ဒေးဒရဲမြိုနယ်၊ အမှတ် (၂) ရပ်ကွက်ရှိ ငြိမ်းချမ်းဧရာစက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ကျင်းပခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းချမ်းဧရာ စက်သုံးဆီ အရောင်းဆိုင်မှ အရောင်းဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့(Community Centre) ၌ ပန်းအလှဆင်သင်တန်း (အခမဲ့) ဖွင့်လှစ်
Mar 15,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့နံနက် (၈) နာရီခွဲက ပန်းအလှဆင်သင်တန်း(အခမဲ့) ဖွင့်လှစ်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာနှင့်ပထဝီဝင်ဘာသာရပ်များကို ဆက်လက်ဖြေဆို
Mar 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာနှင့်ပထဝီဝင်ဘာသာရပ်များကို ယမန်နေ့နံနက်ပိုင်းမှ အ.ထ.က-ဘုတ်ပြင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံတွဲမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့်ပထဝီဘာသာရပ်ကို ဖြေဆို
Mar 15,2024
တက္ကသိုလ်ဝင်စာပေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ မတ် ၁၄ နံနက် ၉နာရီမှ စတင်၍ စာမေးပွဲကိုဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ဓာတုဗေဒဘာသာရပ်နှင့်ပထဝီဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာနှင့် ပထဝီဝင်ဘာသာဖြေဆို
Mar 15,2024
၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝှမ်း မတ်လ ၁၁ ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ဓာတုဗေဒဘာသာရပ်နှင့်ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။