သတင်းများ

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Mar 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် သာသာနတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 15,2024
၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်(၆)မျိုးရရှိသည့် ဘွဲ့တံဆိပ်ဆက်ကပ်အပ်နှင်းချီးမြှင့်ခြင်းအခမ်းအနားကို မတ် ၂၄ ရက်နေ့တွင် သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖျာပုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့
Mar 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်/ ကျေးရွာများသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို မတ်လ(၃)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်အတွင်းရှိ အဘိုး၊ အဘွားများထံ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ နွေရာသီအ​​ခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ
Mar 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၄ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က မြို့နယ် အားကစားကွင်း နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး ယာဥ်ထိန်းရဲတပ်ဖွဲ့မှ နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိ
Mar 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  လာရောက်ဖြေဆိုသည့်  ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက်  စလင်းမြို့ ယာဥ်ထိန်းရဲတပ်ဖွဲ့  စုမှူးရုံးမှ  တပ်ဖွဲ့ဝင်များက နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Mar 15,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
ကေ့ာကရိတ်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်
Mar 15,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို တတိယကြိမ်လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ၁၃ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Mar 15,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းအချိန်ကစတင်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းအစီအစဥ်ကို နိုင်ငံတော်ဘတ်ဂျတ်ရန်ပုံငွေမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ငွေပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။