သတင်းများ

လဟယ်မြို့နယ်ရုံးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Mar 15,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့နယ်ရုံးမှ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို မတ်(၁၃) ရက်နေ့ နံနက် ၁ဝ နာရီ က မြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲစတုတ္ထနေ့ ပထဝီဝင်နှင့်ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား/သူများ ဆက်လက်ဖြေဆိုလျက်ရှိ
Mar 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲစတုတ္ထနေ့ ပထဝီဝင်နှင့်ဓာတုဗေဒဘာသာရပ်ကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြေပဲ (ဗီယက်နမ်မျိုး) စိုက်ခင်းစံကွက်ရိတ်သိမ်းနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 15,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာ၊ ကွင်းအမှတ် (၄၅၇-င) ရှိ တောင်သူ ဦးထင်ကျော်၏ မြေပဲစိုက်ခင်း (ဗီယက်နမ်မျိုး) တစ်စပ်တည်း (၂၂) ဧကစိုက်ခင်းတွင် စံကွက်အား ယနေ့နံနက်ပိုင်းက ရိတ်သိမ်းရာ ၁ ဧကလျှင် ပျမ်းမျှ (၁၂၂.၅) တင်း ထွက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၌ နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 15,2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီ အားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ် အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်
Mar 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက် ၈နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ဆက်လက်ဖြေဆို
Mar 15,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ် ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ
Mar 15,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများစျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ် (၂) စျေးမြေလွတ်၌ ဆက်လက်ရောင်းချပေးလျက်ရှိသည်။
မောက်မယ်မြို့နယ် Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲ ကျင်းပ
Mar 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။