မလှိုင် မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိ စာစစ်ဌာန(၄)ခုတွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ယမန်နေ့နံနက် (၉)နာရီအချိန်မှစတင်၍ တစ်ပြိုင်နက်တည်း အေးချမ်းစွာဖြေဆိုလျှက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် အ.ထ.က(မလှိုင်)၊ အ.ထ.က(ပန်းအိုင်)၊ အ.ထ.က(ဆည်တို)၊ အ.ထ.က (နှောကန်) စာစစ်ဌာန (၄)ခုထားရှိပြီး ဓါတုဗေဒဘာသာရပ်တွင် အ.ထ.က (မလှိုင်) စာစစ်ဌာန၌ စာရင်းရှိ (၇၅၁)ဦး၊ ဖြေဆိုသူ (၇၄၇)ဦး၊ ပျက်ကွက် (၄)ဦး၊ အ.ထ.က (ပန်းအိုင်)တွင် စာရင်းရှိ (၅၈)ဦး၊ ဖြေဆိုသူ (၅၈)ဦး၊ ပျက်ကွက်မရှိ၊ အ.ထ.က(ဆည်တို)တွင် စာရင်းရှိ (၁၉၂)ဦး၊ ဖြေဆိုသူ (၁၉၁)ဦး၊ ပျက်ကွက် (၁)ဦး၊ အ.ထ.က(နှောကန်)စာစစ်ဌာနတွင် စာရင်းရှိ (၇၁)ဦး၊ ဖြေဆိုသူ (၇၀)ဦး၊ ပျက်ကွက်(၁)ဦးရှိပြီး ပထဝီဝင်ဘာသာရပ်တွင် အ.ထ.က(မလှိုင်)စာစစ်ဌာန၌ စာရင်းရှိ (၁)ဦး၊ ဖြေဆိုသူ (၁)ဦး၊ ပျက်ကွက်မရှိ၊ အ.ထ.က(ပန်းအိုင်)တွင် စာရင်းရှိ (၂)ဦး၊ ဖြေဆိုသူ (၂)ဦး၊ ပျက်ကွက်မရှိ၊ အ.ထ.က(ဆည်တို)တွင် စာရင်းရှိ (၂)ဦး၊ ဖြေဆိုသူ (၂)ဦး၊ ပျက်ကွက်သူမရှိ၊ အ.ထ.က(နှောကန်) စာစစ်ဌာနတွင် စာရင်းရှိ (၁)ဦး၊ ဖြေဆိုသူ (၁)ဦး၊ ပျက်ကွက်သူမရှိကြောင်း သိရသည်။
မလှိုင်တစ်မြို့နယ်လုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓါတုဗေဒဘာသာရပ်၌ ဖြေဆိုသူစာရင်းရှိ ကျား (၄၁၆)ဦး၊ မ (၆၅၆)ဦး၊ စုစုပေါင်း (၁ဝ၇၂)ဦးရှိ၍ လာရောက်ဖြေဆိုသူ ကျား (၄၁၄)ဦး၊ မ (၆၅၂)ဦး စုစုပေါင်း (၁၀၆၆)ဦး၊ ပျက်ကွက်သူကျား (၂)ဦး၊ မ (၄)ဦး စုစုပေါင်း (၆)ဦးရှိ၍ ယနေ့ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၉.၄၄) ရှိကြောင်း သိရသည်။ ပထဝီဝင်ဘာသာရပ်တွင် ဖြေဆိုသူစာရင်းရှိကျား (၃)ဦး၊ မ(၃)ဦး၊ စုစုပေါင်း (၆)ဦး ရှိ၍ လာရောက်ဖြေဆိုသူ ကျား(၃)ဦး၊ မ(၃)ဦး၊ စုစုပေါင်း(၆)ဦး၊ ပျက်ကွက်သူမရှိ၍ ယနေ့ဖြေဆိုမှုရာခိုင်န်းမှာ (၁၀၀) ရှိကြောင်း သိရသည်။
ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့ဘာသာရပ်အား စိတ်အေးချမ်းစွာဖြေဆိုနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု့အားပေးခဲ့သည်။ စာစစ်ဋ္ဌာန(၄)ခု၌ ဌာနဆိုင်ရာအကြီးအကဲများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အပြင်စည်းလုံခြုံရေးဆောင်ရွက်ထားရှိပြီး အတွင်းစည်းလုံခြုံရေးအတွက် တာဝန်ကျကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ စာမေးပွဲကြီးကြပ်များက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)