သတင်းများ

စစ်ကိုင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက် အားကစားမျိုးစုံသင်တန်းများ ဖွင့်လှစ်သင်ကြား
Mar 15,2024
စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာန၊ သက်ဆိုင်ရာအားကစား ဆပ်ကော်မတီအဖွဲ့အသီးသီးတို့ဖြင့်ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံအားကစားများဖြစ်သည့် ဘော့လုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ ဘက်စကက်ဘော၊ တင်းနစ်၊ အေရိုးဗစ်၊ Fitness Dance၊ Ground Tennis အားကစားနည်း (၈) မျိုးတို့ကို ယမန်နေ့ ညနေပိုင်းကစ၍ ပိုးတန်းအားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
စစ်ကိုင်းခရိုင်ပြန်/ဆက်ရုံးတွင် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲနှင့် နွေရာသီပန်းချီသင်တန်း ဆင်းပွဲကျင်းပ
Mar 15,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်ရုံး Community Centre ၌ နွေရာသီအခြေခံပန်းချီသင်တန်းကို မတ်လ ပထမအပတ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်ဖွင့်လှစ်မှု အပေါ်တွင်အောင်မြင်မှုရှိ/မရှိကိုလည်းကောင်း တက်ရောက်ကြသည့် ကလေးများ၏ သင်ကြာသည့်ဘာသာရပ်အပေါ်တွင် လေ့လာမှတ်သားသင်ယူနိုင်စွမ်းကို စမ်းစစ်ချက်အနေဖြင့် ပုံတူပန်းချီရေဆွဲပြိုင်ပွဲနှင့် ပန်းချီသင်တန်းဆင်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တမူးခရိုင် သစ်တောဦးစီးဌာနတွင် ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းအရာများအား ချ​ပြရှင်းလင်း
Mar 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် သစ်တောဦးစီးဌာနတွင်ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းအရာများအား ချပြရှင်းလင်း​ခြင်းကို မတ်လ(၁၃)ရက်နေ့ မွန်းတည့်( ၁၂) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်း ကွမ်းခြံကုန်းမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု
Mar 15,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးစိုးသိန်းသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲ ကျင်းပ
Mar 15,2024
စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲ ကိုယမန်နေ့နံနက်(၉) နာရီခွဲက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကင်းထောက်လူငယ်သင်တန်း သန်လျင်ခရိုင်၌ ဖွင့်လှစ်မည်
Mar 15,2024
သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းညှိုနိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ယမန်နေ့မွန်းလွဲ (၂) နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းမြို့တွင် ဆီထွက်သီးနှံ အထူးဇုန်အကောင်အထည်ဖော်ရေးနှင့် ငွေစာရင်းဆိုင်ရာ နည်းပညာပေး သင်တန်းဖွင့်လှစ်
Mar 15,2024
စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆီထွက်သီးနှံ အထူးဇုန်အကောင်အထည်ဖော်ရေးနှင့် စီမံကိန်းငွေစာရင်းဆိုင်ရာ အချက်အလက်များ ရေးသွင်းခြင်း နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ် စစ်တပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေထုတ်ချေးပေးမှုအား ကွင်းဆင်းကြီးကြပ်ပေးခြင်း
Mar 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စစ်တပင်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် စီမံကိန်းစက်ဝန်း (၁၀) ကြိမ်မြောက်အတွက် လည်ပတ်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး (၇၁) ဦး၊ မွေးမြူရေ (၈၁) ဦး၊ အရောင်းအဝယ် (၆) ဦး၊ ရေလုပ်ငန်း (၁) ဦး၊ စုစုပေါင်း (၁၅၉) ဦးအား ငွေကျပ် (၄၈၃၅၀၀၀၀/-) အား ချေးငွေကာလ (၁၂) လ၊ အတိုး (၁) ကျပ်နှုန်းဖြင့် ထုတ်ချေးနေမှုကို ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် စီမံကိန်းဝန်ထမ်းများမှ (၁၂.၃.၂၀၂၄) ရက်နေ့တွင် သွားရောက်ကွင်းဆင်းကြီးကြပ်ထုတ်ချေးပေးခဲ့ပါသည်။