ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးမွဲဖြေဆိုသည့် စာစစ်ဌာနသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

ငါန်းဇွန် မတ် ၁၅

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ယမန်နေ့နံနက် ၉နာရီ မိနစ်၃၀က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်နှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲအေးချမ်းစွာ ဖြေဆိုနေကြသည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး စာစစ်ဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် ကြီးကြပ်ရေးမှုးများ၊ တာဝန်ရှိသူများ၏မေးခွန်း/အဖြေလွှာများ လုံခြုံရေးကဏ္ဍအလိုက်ဆောင်ရွက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကျောင်းဝင်းအတွင်း/အပြင် မီးဘေးလုံခြုံရေးလုပ်ငန်းများဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ စနစ်တကျဆောင်ရွက်ထားရှိကြောင်း သိရသည်။

ငါန်းဇွန်စာစစ်ဌာန၌ ၂၀၂၄.ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဖြေဆိုသူ ကျောင်းသား/သူ စာရင်းရှိ ၁၅၁ဦး၊ ဖြေဆိုသူ ၁၄၈ဦး၊ ပျက်ကွက် ၃ဦး ဖြစ်ပြီး ဖြေဆိုသူရာခိုင်နှုန်း (၉၈.၀၁%) ပထဝီဘာသာဖြေဆိုသူ ကျောင်းသား/သူ စာရင်းရှိ ၁၂ဦး၊ ဖြေဆိုသူ ၁၂ဦး၊ ဖြေဆိုသူရာခိုင်နှုန်း (၁၀၀%) ရှိကြောင်း သိရသည်။                       

သက်နောင်ဦး(ငါန်းဇွန်)