ဒိုက်ဦးမြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 15,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့မွန်းတည့် ၁၂ နာရီ စာမေးပွဲဖြေဆိုပြီးချိန်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် လာရောက်ကြိုဆိုကြသော မိဘပြည်သူများထံသို့အရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။