ဓနုဖြူမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဓနုဖြူ မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရေကြည်ကျေးရွာ၊ တောင်သူ ဦးကျော်ဝင်းစိန်၏ ကွင်းအမှတ် (၁၉၆)၊ ဦးပိုင်အမှတ် (N၃၀)တွင် ၂၀၂၃-၂၀၂၄ခုနှစ် ဆောင်းသီးနှံနေကြာ (SUPER SUN- 41) (၁၀)ဧက စံပြကွက် ရိပ်သိမ်းခြင်းကို မတ်(၁၃)နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲတွင် ယခုစံကွက်ရိတ်သိမ်းမှုမှာ SUPER SUN- 41၊ (၁) ဧက အထွက်နှုန်း (အစိုတင်း) (၃၈.၂၇)တင်းနှင့် (၁)ဧကအထွက်နှုန်း (အခြောက်တင်း)(၃၅)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)