ပေါက်ခေါင်း မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြို့မစျေးအတွင်း၌ ရောင်းချသည့် စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများပူးပေါင်း၍ ကုန်စုံဆိုင်များ၊ ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်များရှိ စားသောက်ကုန်ပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များတွင် ရောင်းချနေသော အသင့်ဖျော်ကော်ဖီမစ်အမျိုးမျိုးတွင် သတ်မှတ်ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံပါဝင်ခြင်း ရှိ/ မရှိ၊ သောက်သုံးရန်ရန်နှင့် ကျန်းမာရေးနှင့်ကိုက်ညီခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် အသိပညာပေးအကြောင်းအရာများကို ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)