မြောင်းမြ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊ စာဖတ်ရှိန်မြှင့်မားစေရေးနှင့် အသိပညာဗဟုသုတ ပြည့်စုံစေရေးအတွက် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)ခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က "တပ်မတော်နေ့ အထိမ်းအမှတ်" ခေါင်းစဉ်ဖြင့် တပ်မတော်နေ့ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲနှင့် ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်များက (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူ လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေပြီး စာပေဗဟုသုတများ တိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ပြီး သွက်လက်ထက်မြက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲ၊ စာဖတ်ဝိုင်းများ၊ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)