လင်းခေး မတ်၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်နှင့် မြို့နယ်အဆင့်မှ တာဝန်ရှိသူများသည် လင်းခေးမြို့နယ်၊ ဝမ်တိန်းကျေးရွာအုပ်စု၊ လွိုင်ဆေကျေးရွာတွင် (၁၆.၃.၂၀၂၄)ရက်နေ့က မီးလောင်ဆုံးရှုံးသွားခဲ့သည့် အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၉)ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများအား ယမန်နေ့က သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ(သိုလှောင်ရုံ)မှ ထောက်ပံ့ပေးပို့လာပြီး၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် တာပေါ်လင်များပါဝင်ကြောင်း၊ ကွင်းဆင်းပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)(ဒေသကိုယ်စားလှယ်) ဦးစိုင်းထွန်းလင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့် လင်းခေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး စိုင်းသိန်းဇော်ဦးတို့က အဆိုပါ မီးလောင်ဆုံးရှုံးမှုအကျိုးခံစားခွင့်ရှိ ပြည်သူတို့၏လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။ ထောက်ပံ့ပစ္စည်းတန်ဖိုးမှာ တစ်အိမ်ထောင်လျှင် ကျပ် ၂၆၀၀၀ဝိ/-(ခန့်မှန်းတန်ဖိုး)ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးထံမှ သိရသည်။
စိုင်းဇော်လတ်