မြန်အောင် မတ် ၂၈
(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သည့် လမ်းဖွင့်ပွဲနှင့် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် တောင်ရိုးဒေသတွင် ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သည့် မြန်အောင်မြို့နယ် ငှက်ကြီးကွင်း ကျေးရွာအုပ်စု အင်ပင်-မှန်တမ်းလမ်းပေါ်ရှိ Box Culvert တစ်စင်းနှင့် ချောင်းကျောက်ခင်းလမ်းအား မြန်အောင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၂) ဦးမောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများက လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းကာ အမှတ်တရ မှတ်တမ်းဓာတ်ပုံ စုပေါင်းရိုက်ကူး၍ လမ်းအားကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင် များသည် မြန်အောင်/ရွှေပြည်သာရေနံမြေ CSR ဖြင့် လှူဒါန်းသော 100KVA ထရန်စဖော်မာနှင့် လက်ပံကွင်းကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ခလုပ်နှိပ်၍ မီးစတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)