ဖားကန့် မတ် ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း မတ်လ (၂၆) ရက် ည (၁၁) နာရီခွဲခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသီးများပြင်းထန်စွာ ကြွေကျခြင်းကြောင့် လူနေအိမ်အများစု သွပ်မိုးများ ပေါက်ပြဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသီးများကြွေကျခြင်း ဖြစ်ပေါ်ခဲ့သည့် ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ နေအိမ်အများစုတွင် သွပ်မိုးများ ပေါက်ပြဲ၊ ပေါက်ထွက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုပေါက်ပြဲ၊ ပေါက်ထွက်သွားသော သွပ်မိုးများအား ဒေသခံပြည်သူများမှ မိမိတို့အစီအစဉ်ဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိကြကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ တစ်စုံတစ်ရာမျှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)