ကာလိမြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်နာနှင့် ရုံးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ
Apr 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြောင်းလဲပြင်ဆင်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာအခမ်းအနားကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဝန်ထမ်းများ စုပေါင်းကာ ယနေ့နံနက်(၆)နာရီအချိန်က အဆိုပါရုံးတွင် အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။