သတင်းများ

လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Apr 02,2024
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန်နှင့် ရိုးရာအားကစားနည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အားကစားကွင်းများတွင် မတ်လ ၁၉ ရက်မှစတင်၍ အားကစားနည်း ၇ မျိုးကို သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
လားရှိုးမြို့ မဟာမြတ်မုနိဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲနှင့် အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပ
Apr 02,2024
လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲနှင့် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မဟာမြတ်မုနိဘုရားရင်ပြင်တော်တွင် ကျင်းပပြုလုပ်သည်။
စဉ့်ကိုင်မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ အမည်ပြောင်းဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က ရန်အောင်မြင်ရပ်ကွက်၊မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် "စာဖတ်ခြင်းအလေ့အကျင့်ပျိုးထောင်ပါ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်စွမ်းရည်များ ပိုမိုမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ သပြေညိုပညာဒါနအကျိုး ဆောင်အသင်းမှ ဦးစီးဖွင့်လှစ်ထားသော ပညာဒါနအခမဲ့သင်တန်းရှိ သင်တန်းသူ၊ သင်တန်းသားများအား "စာဖတ်ခြင်းအလေ့အကျင့်ပျိုးထောင်ပါ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို သပြေညိုမင်္ဂလာခန်းမ (ထောက်ကြန့်) တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ သပြေညိုပညာဒါနအကျိုး ဆောင်အသင်းဥက္ကဋ္ဌ ဦးတင်ညွန့်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အင်းစိန်မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်နေရာအသီးသီးတို့တွင် ဆောင်ရွက်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းအတွင်းရှိ ပြည်သူများ အရည်သွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
Apr 02,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးကျင်းပသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အရည်သွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဒဂုံမြို့နယ်တွင် အမှီလိုက်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်တွင် ယမန်နေ့ နံနက် (၉:၀၀) နာရီက အသက်(၁)နှစ်မှ (၅)နှစ်အထိ Catch up immunization အမှီလိုက်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။
မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။