သတင်းများ

ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Apr 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းဝေးသော ကလေးငယ်ဖြစ်စေရန်အတွက် ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်း၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု မိုင်းဟန်ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းတွင် ယမန်နေ့က အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတ မြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်ဖြေဆို
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့မှစတင်၍ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်းပရိယတ္တိစာသင်တိုက်ရှိ အောင်ပြည့်ဖြိုးဦး ဗိမာန်တော်ကြီးတွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာပေးပွဲကို နေ့လည် ၁၂ နာရီအချိန်မှ ညနေ ၃ နာရီ အချိန်ထိ ဖြေဆိုကျင်းပခဲ့သည်။
ဂွမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Apr 02,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 02,2024
စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တတိယအကြိမ်) လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဧပြီလ ၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင် စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် Mobile  စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Apr 02,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင်  ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အခြေခံဗုဒ္ဓတရားတော်များကိုသိရှိပြီး ယဉ်ကျေးလိမ္မာမှုရှိစေရန်အတွက် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်း ဆင်းပွဲကို ယမန်နေ့က မဲဆမိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစွမ်းအား မြှင့်တင်နိုင်ရေး ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်း လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Apr 02,2024
ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် သီးထပ်စိုက်ပျိုးစွမ်းအား မြင့်မားလာစေရေးအတွက် စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစွမ်းအားမြှင့်တင်နိုင်ရေးအတွက် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးကောင်းမြို့နယ်များမှ တောင်သူများအား ကွင်းသရုပ်ပြပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားကို ဧပြီ ၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် တပ်ကုန်းရပ်ကွက်အတွင်းရှိ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း ကျင်းပပြုလုပ်သည်။