မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Apr 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများဖြင့် ကုန်းဘောင်ခေတ်နေဝင်ချိန်၌ အင်္ဂလိပ်တို့ကို သူ့ကျွန်မခံစိတ်ဓာတ်ဖြင့် တော်လှန်တိုက်ခိုက် အသက်ပေးခဲ့ကြသည့် မြန်မာ့အာဇာနည် သူရဲကောင်းများအကြောင်းကို နောက်ခံပြု၍ရေးဖွဲ့ထားသော စာရေးဆရာကြီးရန်ကုန်ဘဆွေ၏ သေသော်မှတည့်သြော်ကောင်း၏ စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။