လွိုင်လင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေရှားပါးသည့်ရပ်ကွက်များသို့ ရေလှူဒါန်း

လွိုင်လင် မတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် မီးသတ်ဦးစီးဌာနမှရေရှားပါးသည့် လွိုင်လင်မြို့ အမှတ် (၄) ရပ်ကွက် မွေတော်ရွာနေပြည်သူများ ရေသုံးစွဲမှု အခက်အခဲမရှိစေရေးအတွက် ရေလှုါန်းခြင်းကို ယနေ့ညနေ (၃) နာရီက သွားရောက်၍ ရေလှုါန်းခဲ့သည်။

ထိုသို့ရေလှူဒါန်းရာတွင် လွိုင်လင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းဌေးနှင့် တပ်ဖွဲ့ဝင်များက အိမ်တိုင်ရာရောက်ရောက်ရေပေးဝေခြင်းများ ဆောင်ရွက်ပေးကြသည်။

အဆိုပါ လွိုင်လင်မြို့နယ် အမှတ်(၄)ရပ်ကွက် ၊ မွေတော်ရွာတွင် အိမ်ခြေ (၁၅၀) ခန့်၊ လူဦးရေ (၅၀၀) ခန့်နေထိုင်ကြကြောင်းသိရသည်။

လွိုင်လင်မိုး( ခရိုင်ပြန်/ဆက်)