တန့်ယန်း ဧပြီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအား ခရိုင်၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်ဖြင့် ဆိုင်းဘုတ်သစ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။
အဆိုပါ ဆိုင်းဘုတ်သစ်တင်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆိုင်းဘုတ်တင်ပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)