သတင်းများ

ပုဗ္ဗသီရိမြို့နယ် ဈေးကုန်းကျောင်းတိုက်၌ သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူများအား အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး ထိုးနှံ
Apr 02,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်ရှိ ဈေးကုန်းကျောင်းတိုက်၌ သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူများအား အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးကို မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့၌ ရှင်အပါး (၂၅၀) ရှင်ပြုအလှူတော်အခမ်းအနားအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 02,2024
တောင်တွင်း​ကြီး​မြို့နယ် ဗိဿနိုးဒေသရှိ ​​ရွှေရောင်တော်ဘုရားတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူတော်အခမ်းအနားတွင် ချောက်မြို့နယ်မှ ရှင်အပါး (၂၅၀) သွားရောက်မည်ဖြစ်၍ အခမ်းအနားအောင်​​မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ ​အသိပညာပေးဟောပြောပွဲ ပူး​ပေါင်းဆောင်ရွက်
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​ မြို့နယ်ဌာနဆိုင်ရာများအနေဖြင့် အသိပညာပေးဟောပြောပွဲများကို စဥ်ဆက်မပြတ် ​ဆောင်ရွက်လျက်ရှိရာ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ဆွပ်ပန်​ကျေးရွာနှင့် ​​ဆွပ်ပ​လောင်းကျေးရွာတို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ပူး​ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်း ဖွင့်လှစ်
Apr 02,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် ကာယ၊ ဉာဏဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် စာရေးဆရာ‌ အောင်သင်း ရေးသားသည့် “မျိုးဆက်သစ်ရဲ့မဟာမိတ်” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းမျာအား ကျန်းမာရေးစောင့်ရှောက်နေမှုကို ကြည့်ရှုအားပေး
Apr 02,2024
၂ဝ၂၄ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မကွေးပညာရေးဒီဂရီကောလိပ်ရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
မိုင်းယောင်းမြို့၌ သိက္ခာထပ်အလှူမင်္ဂလာနှင့် ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းဟန်ဆရာတော်၏ သိက္ခာထပ်အလှူမင်္ဂလာနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု သား၊သမီးများ၏ ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ခရိုင်/မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန အမည်ပြောင်း အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသို့ အမည်ပြောင်း အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။