မောက်မယ်မြို့နယ်၌ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

မောက်မယ် ဧပြီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဆိုင်းဘုတ်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအား မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနကို ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစပြီး အမည်ပြောင်းလဲပြင်ဆင် သတ်မှတ်ခဲ့ကြောင်း မောက်မယ်မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးလွင်ထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)