သဲကုန်းမြို့နယ်၌ နွေရာသီအခြေခံအေရိုးဗစ် သင်တန်းအမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

သဲကုန်း ဧပြီ ၁၀

အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့တို့ ပူးပေါင်း၍ နွေရာသီအခြေခံအေရိုးဗစ် သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ​ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာ​စေရန်၊ အားကစားကို ချစ်​​မြတ်နိုးတက်​စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ ကုန်ဆုံးစေရန်ရည်ရွယ်၍ ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ (စာရင်းအင်း) ဦးသန်းထွဋ်က နွေရာသီအေရိုးဗစ် အခြေခံအားကစားနည်းသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သဲကုန်း​မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရန်၊ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ​ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာ​စေရန်၊ အားကစားကိုချစ်​​မြတ်နိုးတက်​စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာကုန်ဆုံးစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးကျော်ဝင်းက နွေရာသီအေရိုးဗစ် အခြေခံအားကစားနည်းသင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတက်စေရန်၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပါတိုးတက်စေပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အကျိုးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများပေါ်ထွန်းလာစေရန်၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်သော အကျိူးကျေးဇူးများရရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် နွေရာသီအခြေခံအေရိုးဗစ်သင်တန်းမှ သင်တန်းသူလေးများက အေရိုးဗစ်ကကွက်များဖြင့် သရုပ်ပြတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက (၁/၂၀၂၄) နွေရာသီ အခြေခံအေရိုးဗစ်အားကစားနည်း သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကိုကျော် (ပြန်/ဆက်)