သတင်းများ

ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Apr 10,2024
၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် အုန်းလက်ရေကစားမဏ္ဍပ်ငယ် (၅၉) ခုတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တောင်ငူမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် (abate) ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်
Apr 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ပိုးလောက်လန်းသေဆေး (abate) ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းကို ဧပြီလ ၈ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
တောင်ငူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးစာသင်ဝိုင်းများသို့ တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး
Apr 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးအတွက် ဧပြီလ ၆ ရက်နေ့မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် စာသင်ဝိုင်း (၅၃) ဝိုင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club ၊Youth Club နှင့်Women Clubဖြင့် စာဖတ်ဝိုင်း ကျင်းပ
Apr 10,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club၊Youth Club နှင့်Women Club များဖြင့်စာရေးဆရာ လူထုဦးလှ ရေးသားသည့် “လူတစ်လုံး”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
ပူတာအိုခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Apr 10,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် နုတ်မှုစွမ်းရည်များ မြင့်မားလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ငွေဆောင်မြို့တွင် ဌာနဆိုင်ရာ အကြီးအကဲများ လစဥ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် မြို့ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့နံနက် (၁၀း၀၀) နာရီ က ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးလျက်ရှိ
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယနေ့နေ့လယ်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်
Apr 10,2024
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဧပြီလ ၁၀ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။