ပန်းတောင်း ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန့်နေ့ နံနက်ပိုင်းက မြို့နယ်စာတတ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရ၊ အတွင်းရေးမှူး မြို့နယ်ပညာရေးမှူးဦးသိန်းဒန်နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယမြို့နယ်ပညာရေးမှူး ဉီးမြင့်ဆွေတို့သည် ညောင်ခြေထောက်ကျေးရွာ အခြေခံစာတတ်မြောက်ရေး သင်ကြားဆောင်ရွက်နေသည့် စာသင်ဝိုင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်း သင်ကြားဆောင်ရွက်ခြင်းကို ဧပြီလ (၆) ရက်နေ့မှ စ၍ ရက်ပေါင်း (၄၀) ရက်အကြာ တစ်နေ့လျှင် (၃) နာရီခန့် သင်ကြားပေးသွားမည်ဖြစ်ရာ စာသင်ဝိုင်းများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ စာသင်ဝိုင်းကြီးကြပ်ရေး တာဝန်ယူဆောင်ရွက်ပေးနေသော အလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးမျိုးဝင်းနိုင်မှလည်း လိုအပ်ချက်များအား တင်ပြခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လပြည့်လင်း (ပြန်/ဆက်)