သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်းနှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကြို့ပင်ကောက် ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းအဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ယနေ့ နံနက်ပိုင်းက ရွာမတောင်ရပ်ကွက် အေးသန်းဆန်စက်ဝန်းအတွင်း ဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်းသွေးလွန်တုတ်ကွေးရောဂါ ကင်းစင်ပပျောက်ရေးအတွက် ကူးစက်ရောဂါကာကွယ်နှိမ်းနှင်းရေး တာဝန်ခံဆရာဝန် ဒေါက်တာမေဇော်က သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများ တီဘီရောဂါဖြစ်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာအကြာင်းအရာများကို အသိပညာပေးဟောပြာပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း သွေးလွန်တုတ်ကွေး ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများ အဘိတ်ဆေးခပ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ အသိပညာပေးခြင်းတို့ကို ကျန်းမာရေးဦးစီးဌာန မြို့နယ်ငှက်‌‌ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးကြီးကြပ် (၂) နေ့စားများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၂၀၂၃ ခုနှစ်အတွင်း ၁၅ ဦးရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားသူမရှိသေးကြောင်း ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် လူနေထူထပ်သော ရပ်ကွက်များအတွင်း အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇေယျာထွန်း