မိုးညို ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားရှိမှုများအား သာယာဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်း၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းသန်းစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော်၊ မြို့နယ်လျှပ်စစ်မှူး ဦးဟန်ဆွေနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ဈေးအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးစစ်ဆေးရာတွင် ဈေးအတွင်း တပ်ဆင်အသုံးပြုသည့် မီတာနှင့် ဝါယာကြိုးများ စနစ်တကျ တပ်ဆင်ထားရှိမှု၊ မီးဘေးအန္တရယ်ကျရောက်ခဲ့ပါက လျှင်မြန်စွာအသုံးပြုနိုင်သည့် မီးသတ်ဆေးဗူးများထားရှိမှု၊ ဈေးအတွင်း တတ်ဆင်အသုံးပြုထားသည့် မီးသတ်စက်ရေတွင်း၊ စက်ပစ္စည်းများ၊ မီးသတ်ပိုက်များ အလွယ်တကူအသုံးပြုနိုင်ရေးနှင့် မီးချိတ် မီးကပ်၊ ရေပုံးများစီစဥ်ထားရှိမှု၊ ရေစဉ်ဆက်မပြတ်ရရှိအောင် ဆောင်ရွက်ထားသည့် ရေကန်များ၊ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် ဆောင်ရွက်ထားသည့် အမှိုက်ကန်တို့အား စစ်ဆေးကြည့်ရှုပြီး ဈေးသူ၊ ဈေးသားများအား မီးသတ်ဆေးဗူးအသုံးပြုပုံပြသ၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)