သဲကုန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိ

သဲကုန်း ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်ရေးအတွက် မြို့နယ်လျှပ်စစ်၏ ဓာတ်အားပေးခွဲရုံ နယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော 11 KV ဓာတ်အားလိုင်းအား ပြုပြင်ထိန်းသိမ်းခြင်းကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးခွဲရုံ နယ်မြေအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားသော 11 KV ဓာတ်အားလိုင်းအား လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊Unit Losses ကျဆင်းရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ TR များ Load balancing တိုင်းတာခြင်း၊ TR ဝန်းခြံများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ​မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးနှင့် ဝန်ထမ်းများက စစ်​ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)