ဥတ္တရသီရိ ဧပြီ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေနံ့သာရပ်ကွက်၊ ဇလောင်းကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများရှိ စက်ရုံ၊ အလုပ်ရုံများ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး၊ ဥတ္တရခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဌေးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ် အောင်ချမ်းသာကျေးရွာ ဦးကျော်မိုးနိုင်၏ S3 သောက်ရေသန့်လုပ်ငန်း၊ ဦးသိန်းအောင်၏ ဆန်စက်လုပ်ငန်း၊ ရွှေနံ့သာရပ်ကွက် ဦးကျော်မင်းဦး၏ ဆီစက်လုပ်ငန်း၊ ဇလောင်းကျေးရွာ ဦးစိုးမိုးထွေး၏ အုတ်ဖုတ်လုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)