ပေါင်းတည်၌ နွေစပါးစိုက်ပျိုးထားရှိမှုများ အောင်မြင်ဖြစ်ထွန်း

ပေါင်းတည် ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီပွားမြှင့်တင်ရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ သက်တမ်း ၂ လကျော်နေပြီဖြစ်သော နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၊ ​မြောက်ကုန်းကြီးကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ခင်းများအား  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံ စိုက်ကြပ်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုကြခဲ့ကြပြီး မြောကိကုန်းကြီးကျေးရွာ တောင်သူဦးသန်းစိုး၏စိုက်ပျိုးမြေ ၃ ဒသမ ၅ ဧက တွင် စိုက်ပျိုးထားသော မျိုးကောင်းမျိုးသန့် အထွက်ကောင်းရတနာတိုးစပါးပင်များမှာ ဖြစ်ထွန်းအာင်မြင်လျက်ရှိ​​ကြောင်း သိရသည်။

အလားတူ နွေစပါးသီးနှံစိုက်ပျိုးလျက်ရှိသောတောင်သူများသည် မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်မှုကော်မတီအဖွဲ့၏ လမ်းညွှန်မှု၊

လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ တောင်သူအသိပညာပေးများကိုရယူ၍ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရကြီး (ပေါင်းတည်)