ညောင်လေးပင် ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း နာယက ဒေါက်တာဦးမြင့်သန်း၊ ဦးစီးအရာရှိဒေါ်နီနီဝင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင် -ညောင်လေးပင်) တို့က အသီးသီး အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အထက်တန်းဆင့်ပန်းချီရေးဆွဲနည်း ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ၊ အလယ်တန်းဆင့်ပန်းချီရေးဆွဲနည်း ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများနှင့် သင်တန်းဆင်းဂုဏ်ပြုကဒ်များအား မြို့နယ်စာရေးဆရာအသင်း နာယကနှင့်အဖွဲ့ဝင်များမှ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ ပန်းချီဝါသနာရှင်များနှင့် သင်တန်းသား/သူ (၃၂) ဦး စုစုပေါင်း (၅၅) ဦး တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)