လူထုအခြေပြုဗဟိုဌာန ဆွမ္မရာမြို့၌ စကားပုံဆက်ပြိုင်ပွဲပြုလုပ်

ဆွမ္မရာ ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လစဉ်ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက ကလေးများ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကာယဉာဏ်ဏဖွံ့စေရန် စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွမ္မရာမြို့ ဒုတိယဦးစီးမှူး ဦးစနေမောင်က ပြိုင်ပွဲပ​လုပ်ရခြင်းနှင့် ပတ်သက်၍ ဦးစွာ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကျင်းပရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစနေမောင်က ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ပြန်/ဆက်)