ပုဗ္ဗသီရိ ဧပြီ ၁၂
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများ သင်္ကြန်ရက်များနှင့် နွေရာသီရက်များတွင် အပန်းဖြေအနားယူနိုင်ရန် ငလိုက်ဆည်အနီး ငလိုက်ချောင်းကူးတံတား ရေကျော်နေရာများအား ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊ တော်ဝင်ရတနာလမ်းဘေး၊ ငလိုက်ချောင်းကူးတံတားအောက်ဘက်၊ ငလိုက်ချောင်းကမ်းနံဘေး မြောက်ဘက်ရှိ လမ်းနေရာ၊ ငလိုက်ချောင်း ရေကျော်နေရာတို့အား သင်္ကြန်ရက်များနှင့် နွေရာသီရက်များတွင် ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် အပန်းဖြေစခန်း(Resort) ပြုလုပ်ရန် လျာထားသည့်နေရာသို့ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ငလိုက်ချောင်းကူးတံတား ရေကျော်နေရာများအား မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)