ဟင်္သာတမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဟင်္သာတ ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့ နံနက်(၉)နာရီအချိန်က ဟင်္သာတမြို့နယ်၊ ပြာကတက်ကျေးရွာအုပ်စု၊  ပြာကတက်ရွာ၊ ပြာကတက်ဘုန်းကြီးကျောင်းရှိ တန်းဆောင်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်(၃) ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးမြင့်အောင် ဦးဆောင်ကြီးကြပ်မှု ဖြင့် မြို့နယ်ရုံးရှိ ဝန်ထမ်းများက ပြာကတက်ကျေးရွာအုပ်စုနေ ပြည်သူများအား နိုင်ငံသားစိစစ် ရေးကတ်ပြား ဆောင်ရွက်ထားခြင်း မရှိသူများအား လည်းကောင်း၊  အိမ်ထောင်စုလူဦးရေစာရင်း မရှိသူသေးသူများအားလည်းကောင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့လည်း  ကွင်းဆင်းဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်(ဟင်္သာတ)