ဒလမြို့နယ်တွင် ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော် ပင့်ဆောင်ပူဇော်ပွဲ ကျင်းပပြုလုပ်

ဒလ ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖောင်တော်မျှောပူဇော်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး၏ ဒေသစာရီရေကြောင်းခရီးဖောင်တော်အား တွံတေးခရိုင်၊ ဒလမြို့နယ်၊ ခနောင်ရွာမအုပ်စု၊ ခနောင်မီးခြစ်စက် ချောင်းဝကျေးရွာ၌ ယမန်နေ့က ပင့်ဆောင်ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့သည်။  

ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးပူဇော်ပွဲတွင် ဓမ္မသဘင်၊ အကျွေးအမွေးတို့ဖြင့် စည်းကား သိုက်မြိုက်စွာကျင်းပခဲ့ပြီး ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များက နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။ ထို့နောက် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ဒေသစာရီရေကြောင်းခရီး ဖောင်တော်အား ရန်ကုန်မြစ်ပင်လယ်ဝသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်မောင်မောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ လိုက်ပါပို့ဆောင်ပူဇော်ခဲ့ကြကြောင်းသိရသည်။

မြင့်ဇော်(ပြန်/ဆက်)