မိုးနဲမြို့နယ်၌ မိုးမြေပဲစိုက်ခင်းများ စတင်ရိတ်သိမ်း
Aug 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာနေပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အများဆုံး လုပ်ကိုင်လျက်ရှိပြီး သီးနှံစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမိုးမြေပဲများကိုလည်း စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးမှုနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ၊ မျိုးစေ့ထုတ်စံပြစိုက်ကွက်များကိုလည်း စိုက်ပျိုးဆောင်ရွက်ထားရှိရာ မျိုးသန့်ပွားစိုက်ခင်နေရာ၌ မြေပဲများစတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။