အမရပူရမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နွေသီးနှံစိုက်တောင်သူများအား ကွင်းသရုပ်ပြပွဲ ကျင်းပ

အမရပူရ မေ ၁၈

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ယမနနေ့နံနက်ပိုင်းက အမရပူရမြို့နယ် တောတွင်ကျေးရွာအုပ်စု၌ (စပါး၊ နှမ်း၊ ပဲတီစိမ်း) စိုက်ပျိုးတောင်သူများအားပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်သဘာဝမြေဩဇာ၊သဘာဝပိုးနှင်ဆေးပြုလုပ်သုံးစွဲခြင်းတောင်သူဆွေးနွေးပွဲ  လက်တွေ့ကွင်းသရုပ်ပြပွဲကို ပြုလုပ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်  စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသောတောင်သူများတက်ရောက်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုးသီဟ(အမရ)