သတင်းများ

ကိုကိုးကျွန်းမြို့နယ်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်
Sep 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community-Centre)ခန်းမတွင် စက်တင်ဘာ ၁၇ ရက်နေ့ ညနေ(၄)နာရီအချိန်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Sep 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Sep 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် အ-ထ-က(ခွဲ) ခလောက်သိုက်တွင်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ခလေက်သိုက်ကျေးရွာ၊ အ-ထ-က(ခွဲ) ခလောက်သိုက်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
Sep 19,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မကူးစက်နိုင်သော ရောဂါများအား ကာကွယ်ကုသပေး 
Sep 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဗုဒ္ဓဟူးနေ့တိုင်း ပြည်သူများအား မကူးစက်နိုင်သောရောဂါများကို ကာကွယ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျောင်းသားအားကစားပွဲတော် ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး
Sep 19,2025
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇအား ဇွဲကပင်တောင်ခြေ၊ လုမ္ဗိနီဥယျာဉ်ကျောင်း၌ သွားရောက်ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက်(၁၈)နှစ် အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ကျောင်းသားအားကစားပွဲတော်ကို စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 19,2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။