သတင်းများ

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်
Sep 19,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းက ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက မြို့ကက်သလစ်ဓမ္မာရုံ၌ ကျင်းပသည်။
မင်းလှမြို့၌ လူမှုရေးအသင်းအဖွဲ့ဝင်များအား ရှေးဦးပြုစုနည်း လက်တွေ့သရုပ်ပြ သင်တန်းဖွင့်လှစ်
Sep 19,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရှေးဦးပြုစုနည်း လက်တွေ့သရုပ်ပြသင်တန်းကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Sep 19,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်မှုကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
သံတောင်ကြီးမြို့နယ်  ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်
Sep 19,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် စက်တင် ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက ပန်းချီပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာရေးဆရာ အောင်သင်း၏ ကလေး၊ လူငယ်၊ လူကြီးနှင့် စာပေ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားစာပေဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုခန်းမတွင် ပြုလုပ်သည်။
မင်းတုန်းမြို့နယ်တွင် စုပေါင်းမြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 19,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယနေ့နံနက် ၈ နာရီက မင်းရွာကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်(၃၂၇)ရှိ တောင်သူ ဦးဇော်ဌေးဦး၏ မိုးစပါးလယ်မြေ (၁.၁၈)ဧက၌ ယူရီးယားမြေဩဇာနှင့် သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့နှင့် မင်းရွာကိုင်းကျေးရွာအုပ်စု၊ ဘူးတောင်းကျေးရွာအုပ်စု၊ ကိုင်းငယ်ကျေးရွာအုပ်စုတို့မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို လူရွေးချယ်ပွဲ ကျင်းပ
Sep 19,2025
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သွားရောက် ယှဥ်ပြိုင်နိုင်ရန်အတွက်   မြို့နယ်အဆင့် လူရွေးချယ်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်၉နာရီက ကျင်းပသည်။
လားရှိုးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်အဆင့်-၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
Sep 19,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။