သတင်းများ

မင်းတုန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်းခန်းမတို့တွင် ယနေ့နံနက် ၉ နာရီက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ရာ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုသက်နှင်းဝေနှင့်အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်တို့က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြသည်။
လူထုအခြေပြု လူမှုစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်
Aug 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ Sky Hotel တွင် ယနေ့နံနက်ပိုင်း၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုလူမှုစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရေးမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ခဲ့ပါသည်။
ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၅၃၅) သိန်း ထုတ်ချေးပေးလျက်ရှိ
Aug 26,2025
ပဲခူးဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်သူလယ်သမားများ အထွက်နှုန်းကောင်းမွန်စေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရေးတို့အတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း (၅၃၅) သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယမန်နေ့ နံနက်ပိုင်းက ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့ အမှတ်(၁)ရပ်ကွက်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်
Aug 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ အမှတ်(၁)ရပ်ကွက်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
လဲချားမြို့ ဟိုရင်ရပ်ကွက်နေ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်
Aug 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့ ဟိုရင်ရပ်ကွက်နေ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဟိုရင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ကျင်းပ
Aug 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ (BookClub)အဖွဲ့ဖြင့် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “‌ခေါင်းဆောင်မှုနှင့်စီမံခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့‌ နေလယ်(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
နမ့်စန်မြို့နယ် အားကစားကွင်းတွင် အထူးတန်းပွဲကြည့်စင်အသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Aug 26,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ မြို့နယ်အားကစားကွင်းအတွင်း အထူးတန်းပွဲကြည့်စင် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အဆိုပါအားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း National Esports Championship ပြိုင်ပွဲနှင့် SKY NET 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများသို့ တက်ရောက်အားပေး
Aug 26,2025
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဩဂုတ် ၂၄ ရက်နေ့က National Esports Championship ပြိုင်ပွဲနှင့် SKY NET 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ကြည့်ရှုအားပေးသည်။