သတင်းများ

ချောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
May 19,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ ကျောင်းသား၊ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် သင်ကြားပြသပေးနေသည် ဆရာ၊ဆရာမများအား စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် ရွေ့လျားစနစ်ဖြင့် စာအုပ်စာစောင်များ ဖတ်ရှုငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို​ ယမန်နေ့ နံနက် ၁၁ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ခြေခံကွန်ပြူတာသင်တန်းဖွင့်လှစ်
May 19,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ခြေခံကွန်ပြူတာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရေနံချောင်းမြို့နယ်၌ မိုးရာသီ သီးနှံစုံစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများအား သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်
May 19,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ် ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်စိုက်ပျိုးနည်းပညာပေးဆိုင်ရာ သီးနှံစုံစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများအား သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အကြိမ်(၄၀)မြောက် ယဉ်ကျေးလိမ္မာစာမေးပွဲကျင်းပ
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အကြိမ်(၄၀)မြောက် ယဉ်ကျေးလိမ္မာစာမေးပွဲကို အမှတ်(၃၈)ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်၊ သဗ္ဗမင်္ဂလာကျောင်းတော်ကြီး၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
မိုင်းဆတ်မြို့၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) ဖွင့်ပွဲကျင်းပ
May 19,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် ဆိပ်ကြီး-ရေကျော်-ပဲပုတ် ရေတားတမံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု
May 19,2026
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် တိုင်းဒေသကြီးအစီအစဥ်နှင့်ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့်ဆောင်ရွက်နေသည့် ဆိပ်ကြီး-ရေကျော်-ပဲပုတ် ရေတားတမံအား မေလဒုတိယပတ်ကစတင်၍ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တင်ထွန်းနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ နိုင်ငံတော်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သော ပြည်သူစစ်မှုထမ်းများအား ဂုဏ်ပြုကြိုဆို
May 19,2026
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွန့်လွတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး မိမိမြို့ရွာသို့ပြန်လည်‌ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းဆောင်ခဲ့သူများအား ကြိုဆိုဂုဏ်ပြုပွဲကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။