ချမ်းမြသာစည်မြို့နယ် အထက(၃၅)တွင် လူငယ်ရေးရာအသိပညာပေး
Aug 26,2025
အနာဂတ်၏ လူငယ်များထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲက အမှတ်(၃၅) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။