သာကေတမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ(မဲစာရင်း)များ အချိန်မီပေးပို့နိုင်ရေအတွက် ကွန်ပျူတာအဆိုင်းများ ခွဲလျက်လုပ်ငန်းဆောင်ရွက်
Aug 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ နေလယ်(၁:၄၅)အချိန်၌ မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ သက်ဆိုင်ရာ ရပ်ကွက်အလိုက် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း(မဲစာရင်း)များအား သတ်မှတ်ပုံစံအတိုင်း အချိန်မီပေးပို့နိုင်ရေးအတွက် ကွန်ပျူတာအဆိုင်းများ ခွဲလျက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင် ခရိုင်ကော်မတီအဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူး ဒေါ်တင်မိုးမိုးအေး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်ကလျာစောတို့မှ ကွင်းဆင်းစစ်ဆေးကြည့်ရှု၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။