အလုံမြို့နယ်၌ တိုင်းရင်းဆေးရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အလုံ မေ ၁၈

ရက် (၁၀၀) အစီအစဥ်ဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာ ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ နှင်းဆီလမ်းရှိ အလုံမြို့နယ်မိခင်နှင့် ကလေးအသင်းပိုင်သားဖွားခန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ဝင်ဦးအောင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးဦးစီးဌာနမှူး ဒေါ်ရီရီစန်းက အမှာစကားပြောကြားခြင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီးနောက် ခင်းကျင်းပြသထားသည့် တိုင်းရင်းဆေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ သင်တန်းအား ဆက်လက်ပို့ချခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်ရီရီစန်းနှင့်အဖွဲ့၀င်များ၊ အလုံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေနှင်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/ သူများစုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)