တောင်သာမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး

တောင်သာ မေ ၁၈

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကိုယ်ပိုင်အလယ်တန်းကျောင်း၌ကျင်းပသည်။

အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်း မိမိဒေသရှိတောင်များအကြောင်း၊ အထင်ကရပုဂ္ဂိုလ်များအကြောင်း ဟောပြောပြီးနောက် ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ဆရာမကြီးဒေါ်သန်းသန်းချိုက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်ပြဘုတ်များပြသခဲ့ရာ စိတ်ပါ၀င်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၄၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)