ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဈေးပိတ်ချိန်တွင်  မီးဘေးလုံခြုံရေးစစ်ဆေး

ဒဂုံမြောက် မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် (၄၆)ရပ်ကွက်၊ ဗိုလ်ထွန်းလင်းလမ်းရှိ စံရိပ်ငြိမ်ဈေးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး  မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို  မေ ၁၇ ရက်နေ့ ညနေပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် (၄၆)ရပ်ကွက်၊ ဗိုလ်ထွန်းလင်းလမ်းရှိ စံရိပ်ငြိမ်ဈေး ဈေးပိတ်ချိန်တွင် မြို့နယ်မီးသတ်ဦးစီးမှူး၊ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်()ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်()ဦးတို့နှင့်အတူ ဈေးတာဝန်ခံဒေါ်ခင်ခင်ထိုက်နှင့်အဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဝန်ထမ်း()ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်()ဦးတို့မှပူးပေါင်း၍ ဈေးပိတ်ချိန် ဈေးအတွင်း၌မီးဖိုများသုံးစွဲထားရှိမှု၊ လျှပ်စစ်မီးခလုတ်များပိတ်ထားခဲ့မှု ရှိ/မရှိတို့အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ မီးသတိပြုရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေး ဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့်စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ