သတင်းများ

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 19,2025
ကျောင်းသား၊ ကျောင်းသူလူငယ်များအား လူကုန်ကူးမှုအန္တရာယ်မှကာကွယ်နိုင်‌စေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ အမျိုးသားစာပေဆုရှင် ဒေါက်တာအောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 19,2025
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း အသိပညာပေးရှင်းလင်းခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို တာဝန်ရှိသူများက စက်တင်ဘာ ၁၇ ရက်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၆၃)ရပ်ကွက်ဓမ္မာရုံတွင် ဆောင်ရွက်ကြသည်။
လပွတ္တာမြို့နယ်၌ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Sep 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်သည်။
ငါးသိုင်းချောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးဘေး လုံခြုံရေးသရုပ်ပြလေ့ကျင့်
Sep 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ သဘာဝဘေးအန္တရာယ်ပေါ်ပေါက်လာပါက လက်တွေ့အသုံးချနိုင်ရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးသရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (တက်ဆိပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရှူးမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်း‌ပေးခြင်းအား ပုံမှန်ဆောင်ရွက်
Sep 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်း‌ပေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ငှားရမ်း‌ပေးခဲ့သည်။
ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ
Sep 19,2025
လူငယ်များအနေဖြင့် စာဖတ်ခြင်းကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းလာစေရန်၊ စာအုပ်၊ စာပေများနှင့် ရင်းနှီးလာစေရန်နှင့် စာဖတ်ခြင်းမှတစ်ဆင့် ပျော်ရွှင်မှုနှင့် အသိပညာများကိုရရှိစေရန်ရည်ရွယ်ကျင်းပသည့် လူငယ်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ အမျိုးသားစာပေဆုရှင် ဒေါက်တာဦးအောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများဖြစ်သည့် ‌ဆရာ သဘာဝ၊ ဆရာ အိုင်ပီ-မျိုးအောင်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
လူထုအခြေပြုဗဟိုဌာန(ကော့မှူး)အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ
Sep 19,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲများအားစဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်နေ့က အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မက်မန်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Sep 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းကို မက်မန်းမြို့နယ် ဝမ်စလောင်းအုပ်စု၊ ငဟောင်ကျေးရွာ အ.မ.က နှင့် ရောင်အူကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတို့၌ ယမန်နေ့နံနက် (၁၀)နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။