သတင်းများ

စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း ‌ဆောင်ရွက်
Sep 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် စာဖတ်ရှိန် မြင့်မားလာစေရန်ရည်ရွယ်၍ စက်တင်ဘာလ ၁၇ ရက်နေ့နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆို ပြခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျောက်တန်းမြို့ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Sep 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်း “မှော်ဝန်းရတနာခန်းမ”၌ ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ် လယ်ပြင်စုရပ်ကွက်ရှိ ပြည်သူများအား အခြေခံစားကုန် စားသုံးဆီတစ်ပိဿာလျှင် (၇၆၀၀)ကျပ်ဖြင့် ရောင်းချပေး
Sep 19,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင်  မြို့နယ်ဆီကုန်သည်များအသင်းမှဦးဆောင်၍ အခြေခံစားကုန်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၇)နာရီက စည်ပင်သာယာဈေး၊ အနောက်ဘက်ရွှေတောင်ပေါ်ဆီအရောင်းဆိုင်တွင် ရောင်းချပေးခဲ့သည်။
ငဖဲမြို့နယ်၌ မိုးစပါးစိုက်ဧက ၁၀၃၇၃ ဧက စိုက်ပျိုးပြီးစီး
Sep 19,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးရန် ၁၀၂၀၀ ဧက လျာထားခဲ့ရာ ယနေ့ထိ မိုးစပါးစိုက်ဧက ၁၀၃၇၃ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ၁၇၃ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရမည်းသင်းမြို့ ဗမက(အမက​)ကျောင်း၌အသိပညာပေးဟောပြောပွဲ
Sep 19,2025
မန္တလေးတိုင်းဒေသကြီး ရမည်းသင်း​မြို့နယ် ဗမက(အမက​) ကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကို ယမန်နေ့​မွန်းလွဲပိုင်းက ပြုလုပ်သည်။
(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း
Sep 19,2025
အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု
Sep 19,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ဝက်စုကျေးရွာ၊ ဝက်စုလယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသား ဒေါ်မာလွင်၏ မိုးစပါးစိုက်ဧက(၃)ဧကတွင် ထိုင်းနှံကောက်မျိုးစပါး စိုက်ပျိုးထားရှိမှုနှင့် ကောက်ပင်ကြဲသည့်နေရာများတွင် ပြန်လည်စိုက်ပျိုးနေမှုများကိုလည်းကောင်း၊ မင်းကုန်းကျေးရွာ၊ မင်းကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းသား ဦးအောင်မြင့်သန်း၏ အောင်နိုင်တိုး စပါးမျိုးစိုက်ခင်းတွင် အသီးအားတိုးဆေးများ ပက်ဖြန်းနေမှုများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုခဲ့သည်။
စေတုတ္တရာမြို့၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲ ကျင်းပ
Sep 19,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်အသိပညာဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပခဲ့သည်။