ကော့သောင်း မေ ၁၉
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်နေရာများသို့ မေ (၁၈) ရက် မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားလာရေးဆောင်ရွက်နေမှုအခြေအနေများ၊ ခရီးသွားလုပ်ငန်းရေရှည်တည်တံ့ရေး ဆောင်ရွက်ထားရှိမှုများ၊ ကော့သောင်းမြို့အလှပိုမိုပေါ်လွင်စေရေး၊ ခရီးသွားများ စွဲဆောင်နိုင်ရေးဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများ ကြည့်ရှုသည်။ ထို့နောက် ရွှေဟင်္သာရပ်ကွက်၊ ကမ်းနီးကုမ္ပဏီများဇုံတံတားရှိ ကော့သောင်းခရိုင် FOB စစ်ဆေးရေးစခန်းတွင် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့ရောင်းချမှုအခြေအနေများနှင့် FOB စစ်ဆေးရေးအဖွဲ့များမှ နေ့စဉ်စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ယင်းနောက် (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်နှင့် (၂၀၂၆-၂၀၂၇)ဘဏ္ဍာနှစ် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်၊တော်ဝင်ကွန်ကရစ်ဆိပ်ခံတံတားအား အကြီးစားပြုပြင်မွမ်းမံခြင်းဆောင်ရွက်နေမှုအခြေအနေများအားသွားရောက်ကြည့်ရှုကာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၏ လုပ်ငန်းတင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။ ယင်းနောက် ရွှေပြည်သာရပ်ကွက်၊ သီတာရေလုပ်ငန်းကုမ္ပဏီလီမိတက်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကုမ္ပဏီပိုင်လွန်းကျင်းတွင် ငါးဖမ်းရေယာဉ်၊ လှေများ၊ဌာနဆိုင်ရာ လုပ်ငန်းသုံးလှေများ၊ကုန်လှေ ပဲ့ချိတ်လှေကြီး/ငယ်များ လွန်းတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)